1 ရာသီ
12 အပိုင်း
어쩌다 전원일기
Han Ji Yool ဟာ ဆိုးလ်မှာ တိရစ္ဆာန်ဆရာဝန်အဖြစ်လုပ်ကိုင်နေပြီး တစ်နေ့မှာတော့ အဘိုးဖြစ်သူဆီကနေ ဖုန်းလက်ခံရခဲ့ပါတယ်။ တိတိကျကျမပြောပေမဲ့ အဘိုးဖြစ်သူရဲ့အသည်းအသန်ဖြစ်နေတဲ့လေသံကြောင့် အဘိုးရဲ့တိမွေးကုဆေးခန်းရှိတဲ့ ကျေးရွာလေးကို ဒေါင်ချာဆိုင်းပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ရွာမှာ ရဲအရာရှိ Ahn Ja Young နဲ့တွေ့ရှိခဲ့ပါတယ်။ အဘိုးဖြစ်သူက ဥရောပဘက်ကို ခရီးထွက်နေပြီး သူ့ဆေးခန်းကို နှစ်ဝက်လောက် မြေးကိုအပ်ထားချင်တာပါ။ Ja Young ဟာ သူကြီးပြင်းလာတဲ့ရွာလေးမှာ နယ်ခံတွေကိုကူညီရင်း နေထိုင်ချင်တဲ့သူပါ။ ဒီလိုနဲ့ ရွာကို အူကြောင်ကြောင်နဲ့ရောက်လာတဲ့ Ji Yool တစ်ယောက် အဆင်မပြေဖြစ်နေတာကို ကူညီရင်း နှစ်ယောက်ကြားမှာ ကြည်နူးစရာအချစ်ဇာတ်လမ်းတစ်ပုဒ် ပေါက်ဖွားလာပါတော့တယ်။